Blog Archives

ကျနော်နဲ့ ဘတ်စ်ကား

ရန်ကုန်မှာ အခု ဘတ်စ်ကားလိုင်းတွေ ပြောင်းတော့ ကိုယ်တွေရန်ကုန်ရောက်စက ကားမှားစီးတာ သတိပြန်ရတယ်။ မှားတာမှ ၂ ခါပြန်ကို မှားမိတာ။ ပထမ နှစ်တုန်းက နေတာက ပါရမီနားက မဉ္ဇူလမ်းထဲက ဘုန်းကြီးကျောင်းမှာကို။ ဘုန်းကြီးက သေချာမှာထားတယ် ။ ဒီကနေ သွား/ဆေး တက္ကသိုလ်ကို တိုက်ရိုက်ရောက်တဲ့ ကားမရှိဘူး။  ၄၉ ဒိုင်နာ အဝါရောင်ကို စီးပြီးရင် စံပြစျေးမှာဆင်း ဆိုပြီးမှာထားတာ။ ပထမဆုံးကျောင်းတက်တဲ့ နေ့ရောက်တော့ ၄၉ ကိုမြင်တာနဲ့ တန်းတက်လိုက်သွားတာ စံပြစျေးမှာဆင်းရမှာ မသိပဲ ပါသွားတာ  ဘဝမြင့်ရောက်သွားပါလေရော။

Tagged with: ,
Posted in Notes, Photo, unicode