ပဲခူးဘူတာမှာ ဆမူဆာ ဝယ်စားမိခြင်း

               တကယ်တော့ ရထားပေါ်က ဆင်းပြီး ဆမူဆာဝယ်စားတာ မဟုတ်ဘူးဗျ။
ဆမူဆာ ရောင်းတဲ့သူကိုယ်တိုင်က ရထားပေါ်ရောက်လာလို့ ဝယ်စားလိုက်မိတာပါ။

               ဖြစ်ပုံက ဒီလိုဗျို့။ ၂၀၀၈ ခုနှစ် တုန်းကပေါ့
ကျနော် စီးလာတဲ့ ထားဝယ်-ရန်ကုန် ရထားကြီးဟာ ရေး ဘူတာကနေ မနက်စောစော ထွက်လာလိုက်တာ ပဲခူး ဘူတာကို ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ရောက်လာခဲ့တယ်။ ပဲခူး ဘူတာမှာ လူတွေ ကုန်တွေ တင်ဖို့ချဖို့ ခဏနားတယ် ။ ပြီးရင် ရန်ကုန်ဆက်ခုတ်မှာပေါ့။ ခန့်မှန်းခြေ ည ၈ နာရီလောက်ဆို ဘူတာကြီးရောက်မှာ။ ဆိုတော့ နေ့လည်ကလည်း ထမင်းနည်းနည်းပဲ စားထားတော့ ပဲခူးဘူတာမှာ ဗိုက်ဆာလာရော။ အဲလိုပဲထိုင်နေတုန်း ကောင်းလေတွေ ရထားပေါ်တက်လာပြီး စျေးရောင်းကြရော။ ကွမ်းယာ ဆေးလိပ် ငုံးဥ အချဉ်ထုပ် ဆမူဆာ တွေလာရောင်းတယ်။ ကျနော်လည်း ဗိုက်အဆာပြေ ဆမူဆာ ၂ ခုလောက်ဝယ်စားမယ် ကြံပြီး စျေးသည်ကောင်လေးကို ခေါ်လိုက်တယ်။
တစ်ခု ၁၀၀ ဆိုတော့ ၂၀၀ ဖိုး ၂ ခု ဝယ်လိုက်ပြီး တစ်ထောင်တန် တစ်ရွက်ထုတ်ပေးလိုက်တယ်။ ကောင်လေးက သူ့မှာ အကြွေမရှိသေးလို့ ခဏစောင့်ပါ ကျနော် ဒီအတွဲထဲမှာပဲ စျေးရောင်းလိုက်ဦးမယ် ဆိုပြီး လိုက်ရောင်းနေရော။

      ခဏကြာတော့ ရထားက ထွက်ရော။ ဘီးကလှိမ့်နေပြီလေ။ ကောင်လေးကို လှမ်းခေါ်တာပေါ့။ ၈၀၀ ပြန်အမ်းရဦးမှာလေ ဆိုတော့ ကောင်လေးက တွဲအပေါက်ဝမှာ ရပ်နေတဲ့ တခြားစျေးသည် ကောင်လေးတစ်ယောက်ကို လှမ်းအော်မေးလိုက်တယ်။ မင်းမှာ အကြွေ ၈၀၀ ရှိလားတဲ့။ ဟိုကလည်း ရှိတယ်ဆိုတော့ အပေါက်ဝဖက်ကို ထွက်သွားတယ်။ ပြီးတော့ ရထားပေါ်ကနေ ၂ ယောက်စလုံခုန်ဆင်းသွားတယ်။ လူကတစ်ချက်ကြောင်သွားတယ်။ ပြီးမှ သတိဝင်ပြီး ငုံးမလေးတွေဆိုပြီး အပေါက်ဝ ကနေ လှမ်းကြည့်လိုက်တော့ ပဲခူးဘူတာ ဆိုတဲ့ ဆိုင်းဘုတ်ကြီးပဲ မြင်ရတော့တယ်။
အဲဒီမှာ သင်ခန်းစာ တစ်ခုထပ်ရလိုက်တယ်။ပဲခူးဘူတာ မှာ ဆမူဆာ စားချင်ရင် အကြွေဆောင်ထားဖို့လိုတဲ့ ဆိုတဲ့ သင်ခန်းစာပဲ။
မထသ စပါယ်ယာ ပိုက်ဆံပြန်မအမ်းသေးရင် ဆင်းခါနီး တောင်းလို့ရသေးတယ်။ ဆမူဆာ သည်ဆီက ပိုက်ဆံ ၈၀၀ ကတော့ ဘယ်တော့မှ ပြန်မရတော့ဘူး။

မောင်ဇာနည်

Tagged with: ,
Posted in Jokes, Notes

Day 120

img_1162

Tagged with: ,
Posted in Photo

ဆန်းမီထံပေးစာ

ဆန်းမီ

[ကိုးရီးယား မင်းသမီးမဟုတ်ပါ ဦးဆန်း၏ သမီး မီမီဆန်း ဖြစ်ပါတယ် ။ ကျနော်က ချစ်စနိုး ဖြင့် ဆန်းမီ ဟု ခေါ်ခြင်းဖြစ်သည်]

img_1163

ပြဿနာက အဲဒီက စတာ ဆန်းမီ။ နင်တို့ မေဂျာမှာ အလှဘုရင် မ ဖြစ်သွားတုန်းကပါ။
ငါ့ရင်ထဲမှာ နင့်ကို ဟိုးကတည်းက (စတွေ့ကတည်းက ) အလှ ဘုရင်မ အဖြစ် သတ်မှတ်ထားတာ နင်မသိဘူး။
ငါကြားတာက နင်က လယ်ကွင်းတဲ့။ နင့်အစား ငါနာတယ်။ ဗိုက်နာတာ မဟုတ်ဘူး ရင်နာတာ။
ခက်တာက ဆန်းမီရေ ….. ငါက
နင်ကြိုက်တဲ့ ကိုးရီးယား စတားတွေလို အရပ်မရှည် အသားမဖြူ ပိန်လည်းမပိန် ရုပ်လည်း မလာတဲ့
အရပ်ပုပု အသားမည်းမည်း လူရုပ်ဆိုး တစ်ယောက် အဖြစ် နင် မြင်နေခဲ့တာပါ။
ထားလိုက်တော့ ဆန်းမီ။
နင့်အတွက်ဆို ငါက မသေမရှင်ဖြစ်နေတာ ကြာခဲ့ပေါ့။
( သေသွားလို့မဖြစ်သေးလို့)
နင်ကြိုက်တဲ့ ချဉ်ပေါင်ရွက်ခူး ဖို့ နောက်ဖေး မြောင်းထဲ ဆင်းရဲ ခဲ့တဲ့သူပါ။ ရန်ကုန်မြို့ကြီး ရေလျှံနေတုန်းက ဂျေဒိုးနတ် သွားဝယ်ခိုင်းတာ ငါ ဂျေမဝင်ခဲ့တာ နင်အသိ။
ငါမပါပဲ အိမ်ကနင့်ကို ဘယ်မှ မလွှတ်တာ နဲ့ပဲ ငါက မြန်မာကားထဲကလို ဗီလိန်ဖြစ်ရောလား။
ငါ့ဘဝကို နင်လိုရာသုံးပါ။ ဒါပေမယ့် ငါ့နာမည် ကိုတော့ နင်လိုရာ သုံးလို့မရဘူး ဆန်းမီ။
ငါနဲ့သွားတယ်ဆိုပြီး နင့်အဝှာတွေနဲ့ လစ်ချသွားတဲ့ ညနေမှာ ငါ နင့်ကို စိတ်ပျက်သွားတာပဲ။ မွေးနေလ့က်ဆောင် ပန်းစည်းကြီးကို နင့် အမေကြီးကိုပေးခဲ့တယ်။ ( ဘုရားတင်မယ် ပြောတာပဲ)
အဲဒီနေ့က ငါသေမလို ဖြစ်သွားတာ နင်မသိဘူး။ ( လိုင်းကာပေါ်က ပြုတ်ကျတာ)
ဒါပေမယ့် ငါနင့်ကိုမမေ့နိင်ဘူး။
နင်လက်နဲ့ လိပ်ကျွေးတဲ့ ရေညှိထမင်းလိပ်ကို ငါစားနေတုန်း နင်သောက်ဖို့ ဆိုဂျူ ကို ငါကိုယ်တိုင် မချက်ပေးနိုင်ခဲ့တာ စိတ်မကောင်းဘူး။ ( တောချက်တော့ရမယ်)
ငါမရှိတော့ နောက်ပိုင်း ငါလက်ဆောင်ပေးထာတဲ့ ခွေးဘီလူး လေး နဲ့ စကားပြောနေပေါ့။
အဲ …. သူ့ကို ငါနာမည်တော့ မပေးလိုက်ပါနဲ့။

#မောင်ဇာနည်

Tagged with: , ,
Posted in ယူနီကုဒ်, Jokes, Notes, Photo
%d bloggers like this: