Reason to use Unicode

ယူနီကုဒ်ကို သုံးစွဲရခြင်းဟာ အများသုံးနေတဲ့ ဇော်ဂျီဖောင့်ကို တိုက်ခိုက်ထိပ်တွေ့ဖို့ မဟုတ်ကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်။ ယူနီကုဒ်ကို မှတ်မှတ်ရရ သတိပြုမိတာက တယ်လီနော ဆက်သွယ်ရေး အော်ပရေတာကြီးပေါ်လာပြီး နန်းကြီးသုပ်တွေ အလကားရောင်းတုန်းကလို့ မှတ်မိပါတယ်။ ဇော်ဂျီထည့်သွင်းခံထားရတဲ့ ကျနော့်ဖုန်းမှာ ဝီကီပီးဒီးယား မှာ စာမမှန်ရာနေ တဆင့် ယူနီကုဒ် ဧရိယာ ထဲကို ကျနော်ရောက်လာပါတယ်။ အဲဒီနေရာမှာ ယူနီကုဒ်အသုံးပြုသူ အများအပြားကို အားကျဖွယ်ရာ တွေ့ရှိရာကနေ တဆင့် ယူနီကုဒ်သုံးဖို့ ပိုပြီးစိတ်အားထက်သန်လာခဲ့ရတာပါ။

1510726_411322022353761_392627505425180397_n
မရှေ့မနှောင်းဆိုသလိုပဲ ကျနော်အသုံးပြုနေတဲ့ ဖုန်းမှာ ဆော့ဖ်ဝဲ အပ်ပ်ဒိတ်ကနေ တဆင့် ယူနီကုဒ်ဆိုတာကြီး ပါဝင်လာတဲ့အချိန်ကနေ စပြီး စတင်အသုံးပြုလာတာ ခုချိန်ထိပါပဲ။
ကျနော့်ကို ယူနီကုဒ်သုံးပါလို့ဘယ်သူမှ အတင်းလာမပြောပါဘူး။ ဒါပေမယ့် သူတို့တွေ ရှင်းပြရေးသားထားတာတွေကို ဖတ်ပြီးပိုစိတ်ဝင်စားလာခဲ့တာပါ။
သူများနိုင်ငံက စာတွေ ဒစ်ဂျစ်တယ်စနစ်မှာ တွယ်ကျယ်နေတာ မြင်ရတာ အားကျခဲ့ပါတယ်။ မြန်မာစာပေကိုလည်း အဲလိုဖြစ်စေချင်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းပဲရှိခဲ့တာပါ။ စတင်အသုံးပြုချိန်က ယူနီကုဒ် အသုံးပြုဖို့ စည်းရုံးမှုတွေ လုပ်ခဲ့ပေမယ့် အချိန်တိုင်းဆဲခံထိပါတယ်။ ပိုပြီးဆိုးတာက ဇော်ဂျီဖောင့်ကို တိုက်ခိုက်နေတယ် ထင်လွဲခံထိရပါတယ်။
ကျနော့်တို့တွေဟာ ဇော်ဂျီဖောင့်ကို တိုက်ခိုက်နေတာ မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။
အခုအချိန်မှာတော့ ကျနော်ဟာ ယူနီကုဒ်ကို အသုံးပြုနေတာဟာ ဇော်ဂျီဖောင့်ကို တိုက်ခိုက်နေတာ မဟုတ်ကြောင်း ကျနော်ထပ်ပြောပါရစေ။
ကြီးကြီးကျယ်ကျယ် ပြောသလို ဖြစ်နေပေမယ့် ယူနီကုဒ်သုံးနေတာဟာ မြန်မာစာပေ အတွက် သာမာန်အသုံးပြုသူတစ်ယောက်က တာဝန်သိစွာ သုံးစွဲနေတာလို့ပဲ ပြောပါရစေ။
နောက်ထပ် ဖုန်းများ ကွန်ပြူတာများ စသည်ဖြင့် ဝယ်ယူသုံးစွဲဖြစ်ပါကလည်း ယူနီကုဒ် စနစ်ကို အပြည့်အဝ ထောက်ပံ့တဲ့ အရာတွေကိုပဲ သုံးစွဲမှာဖြစ်ပါတယ်။
ယူနီကုဒ် နဲ့ပက်သက်ပြီး ကြိုးစားပေးခဲ့ ကြိုးစားဆဲ ဆရာများ သုံးစွဲသူများကို လေးစားပါတယ်။

မောင်ဇာနည်

Tagged with:
Posted in Notes

Generation

IMG_1179.JPG

Tagged with: ,
Posted in Photo

ရှမ်းရှော်

နို့ချိုချိုတွေ စို့မဝ သေးဘူး အမေ
အဖေ့ပုခုံး ထိုင်မဝ သေးဘူး အမေ
ကျနော် ငိုရင် အဖွား က ဖက်ထားတယ်
ကျနော် ငိုရင် အဖိုး က ချီဆော့တယ်
သန်းခေါင်ယံ ညတွေမှာ
“အမေ” လို့ ယောင်မအော် မိ အောင်
ကြိုးစားရင်း
ရေခြား မြေခြား က
“ရှမ်းရှော်” ကျနော်
ရင်ဘတ်အောင့်လှပါတယ်

မောင်ဇာနည်

[ရှမ်းရှော်=ရွှေ့ပြောင်းလုပ်သား မိဘတွေများမှ ထိုင်းနိုင်ငံတွင် မွေးပြီး အသက် ၁ နှစ် ၂ နှစ်တွင် ထားဝယ်ရှိ အဖိုးအဖွား အိမ်တွင် လာရောက်ပြန်ထားခြင်းခံရသော ကလေးငယ် များကို ထားဝယ် စကားဖြင့် ခေါ်ဆိုခြင်း။ ထားဝယ် လူမျိုးများသည် ထိုင်း နိုင်ငံကို ရှမ်း ဟု ခေါ်ဆိုကြပါသည်။]<

Tagged with: ,
Posted in Notes, Poem
%d bloggers like this: